မဟာဗျူဟာ အားသစ် ပူးပေါင်းလုပ်ဆောင်မှုဖြင့် အိန္ဒိယ-ဒိန်းမတ် ဆက်ဆံရေးများ ထပ်မံအခြေချခြင်း

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Prof. Ummu Salma Bava ရေးသားပေးပို့ထားတဲ့ ‘မဟာဗျူဟာ အားသစ် ပူးပေါင်းလုပ်ဆောင်မှုဖြင့် အိန္ဒိယ-ဒိန်းမတ် ဆက်ဆံရေးများ ထပ်မံအခြေချခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဝန်ကြီးချုပ် Narendra Modi နှင့် ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးတွေကို စစ်ဆေးဖို့အတွက် ညီလာခံတရပ် ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါနှင့် စီးပွားရေး ထိခိုက်မှုတွေကြောင့် နိုင်ငံတကာ စွမ်းအားအခြေအနေ ပြောင်းလဲနေတဲ့ အနေအထားမှာ ခေါင်းဆောင် ၂ ဦးစလုံးတို့ဟာ ကမ္ဘာ့သွင်းကုန်ကွင်းဆက်တွေကို တနိုင်ငံထက်မက ပေါက်ရောက်စေဖို့အတွက် ဖြန့်ကျက်သွားဖို့လိုအပ်ချက်ကို ဖော်ပြခဲ့ကြပါတယ်။

အိန္ဒိယဟာ ဒီလို ဖြန့်ကားဖို့အတွက် ဂျပန်၊ ဩစတြေးလျားတို့နှင့် လုပ်ဆောင်နေခဲ့ပြီး ဒါဟာ အိန္ဒိယ-ရုပ် နယ်စပ်မှာ လက်ရှိ ထိပ်တိုက်တွေ့ဆုံမှု အခြေအနေတွေနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ် Modi က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနှင့် ဒိန်းမတ်နို့ဟာ ၂၀၀၈၊ ၂၀၀၉ ခုနှစ်ကတည်းက ရေရှည် တည်တံ့ခိုင်မြဲနေခဲ့ပြီး အဲဒီတုန်းက ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Anders Fogh Rasmussen ဟာ အိန္ဒိယန်ိုင်ငံကို အလည်အပတ်ခရီးစဉ် ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း (Purulia လက်နက် ပေးပို့မှုမှာ စွပ်စွဲခံရတဲ့ ဒိန်းမတ်နိုင်ငံသား) အကျဉ်းသား Kim Davy လွှဲပြောင်းပေးမှုကြောင့် ၂၀၁၀ နှင့် ၂၀၁၆ ခုနှစ်တို့အကြားမှာ ဆက်ဆံရေးတွေ လမ်းပိတ်နေတာနှင့် ကြုံခဲ့ရပါတယ်။

ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေအပြင် ဝန်ကြီးချုပ် Modi ဟာ ၂၀၁၈ ခုနှစ်က Stockholm မြို့မှာပြုလုပ်တဲ့ ပထမဆုံး Nordic ညီလာခံမှာ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Lars Løkke Rasmussen ကိုတွေ့ဆုံခဲ့ပြီး အတိတ်ကအရေးကိစ္စဟာ နယူးဒေလီ-ကိုပင်ဟေဂင် အနာဂတ်ဆက်ဆံရေးတွေကို သက်ရောက်စေမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ကြပါတယ်။ ၂ ဖက်စလုံးတို့ဟာ ဒုတိယအကြိမ် Nordic ဒေသနိုင်ငံများ ညီလာခံပြုလုပ်ဖို့အတွက် သဘောတူညီလိုက်ကြပြီး ဒါဟာ အိန္ဒိယနိုင်ငှုံကို နည်းပညာ၊ ရာသီဥတု ပြောင်းလဲလာမှု၊ တီထွင်မွမ်းမံမှုနှင့် ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေးကဏ္ဍတွေမှာ ကနဦးကတည်းက ဦးဆောင်ပါဝင်တဲ့ ဥရောပ ၅ နိုင်ငံ အုပ်စုနှင့်အတူ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံပြောဆိုမှုတွေ ပေါ်ပေါက်စေလိုက်ပါတယ်။

ညီလာခံမှာ ကိုဗစ်-၁၉ ကပ်ဘေးသက်ရောက်မှုအခြေအနေတွေနှင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ များစွာလိုအပ်နေမှုကို အလေးပေးဖော်ပြခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ ဆေးဝါးအကျိုးစီးပွားနှင့်ပတ်သက်ပြီး ဒီကဏ္ဍမှာ ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့်သွားဖို့ ရှာကြံလျှက်ရှိပါတယ်။ ၂ ဖက်စလုံးတို့ဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းကြီး ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေးတို့အပါအဝင် စည်းမျဉ်းအခြေခံ နိုင်ငံများစွာပါဝင်တဲ့ စနစ်တွေအတွက် စိတ်ပိုင်းဖြတ်ချက်တွေကို ထပ်မံဖော်ပြခဲ့ကြပါတယ်။ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Frederiksen ရဲ့ စကားလုံးတွေထဲမှာ ဒီညီလာခံမှထွက်လာတဲ့ ရလဒ်တွေဟာ သမိုင်းမှတ်တိုင်မျှသာမက ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်အားကောင်းစေဖို့ရည်စူးတဲ့ သဘောတူညီချက်တွေရရှိနိုင်ရေးအတွက်လည်း အထောက်အပံ့ဖြစ်တယ်လို့ ပါဝင်ခဲ့ပါတယ် စသဖြင့် ဆောင်းပါးရှင် Prof. Ummu Salma Bava ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။