PDM မဟာမိတ်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် Imran Khan ဦးဆောင်သည့် အစိုးရအား ဆန့်ကျင်လျှက် ၎င်းတို့၏ ပထမဆုံးသော လူထုချီတက်ပွဲ ပြုလုပ်သွားရန်ရှိသည်။

ပါကစ္စတန်နိုင်ငံအတွင် အဓိက အတိုက်အခံ ပါတီများ အသစ်ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့သည် Imran Khan ဦးဆောင်သည့် အစိုးရအား ဆန့်ကျင်လျှက် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ၎င်းတို့၏ ပထမဆုံးသော လူထုချီတက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာ အစီရင်ခံချက်များအရ သိရှိရသည်။ လွန်ခဲ့သည့် သီတင်းပတ်၌ နိုင်ငံ၏ အဓိက အတိုက်အခံ ပါတီများသည် အာဏာရအစိုးရ ဖြုတ်ချရန်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ရန် ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု PDM ညွန်ပေါင်းအဖွဲ့ ၁ ဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။